"Thit Htoo Lwin" မှ သတင်းများ
ငြိမ်းချမ်းရေးကောင်စီတပ်သားနှင့် ဒေသခံအချို့အား BGF ၀င်ရောက်ရိုက်နှက်ခဲ့
5 hours ago,
အောက်တိုဘာ ၃၀ရက်၊ ၂၀၁၄ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ မြ၀တီမြို့ တောင်ကလေး အေးရိပ်သာ ဘုန်းကြီးကျောင်း အနောက်ဘက်ခြမ်း မြေနီကုန်းတွင် နယ်ခြား စောင့်တပ် (BGF)အဖွဲ့ဝင်တစ်စုက ကရင်ငြိမ်းချမ်းရေး ကောင်စီ(KNU/KNLA PC) တပ်ဖွဲ့ဝင်နှင့် ဒေသခံ အချို့အား အောက်တိုဘာ ၂၅ရက် နေ့က ၀င်ရောက် ရိုက်နှက်ခဲ့သည်ဟု သိရသည်။ ထိုရိုက်နှက်မှုတွင် BGF အမှတ်(၁၀၂၂) တပ်ရင်းမှ ဗိုလ်ချင်းလုံ ဦးဆောင်သည့် ၁၀ဦးပါ အဖွဲ့က...
ကရင်အမျိုးသားရဲတပ်ဖွဲ့ (KPF) ရဲမှူး ၁ ဦးအပါအ၀င် ၅ ဦး သတ်ဖြတ်ခံရ
5 hours ago,
အောက်တိုဘာ - ၃၁ - ၂၀၁၄ ကရင်အမျိုးသား အစည်းအရုံး KNU လက်အောက်ခံ ဒူးပလာယာခရိုင်က မြို့နယ်ဒုရဲမှူး တဦး အပါအ၀င် တပ်ဖွဲ့ဝင် ၅ ဦး ဒီလ ၂၃ ရက်နေ့က သတ်ဖြတ်ခံရတဲ့ အတွက် တာဝန်ရှိသူတွေကို အရေးယူပေးဘို့ ကျန်ရစ်သူ မိဘဆွေမျိုး သားချင်းတွေက တောင်းဆိုမှုတွေ လုပ်သွားမယ်လို့ သိရပါတယ်။ သေဆုံးသူတွေထဲက မိခင်ဖြစ်သူတဦးကတော့ ဒီအမှုနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေကို အရေးယူပေးဘို့ လုပ်ဆောင်သွားမှာဖြစ်တယ် အခုဖြစ်တာက...
စစ်တွေ ဆတ်ရိုးကျချောင်းတွင် အမည်မသိ အမျိုးသားအလောင်း တစ်လောင်းတွေ့ ရှိ
5 hours ago,
IS တွေ​ရဲ့ အစု​လိုက် အပြုံ​လိုက် အသတ် ခံထား​ရ​တဲ့ ကျင်း ၂ ကျင်း အီ​ရတ်​မှာ တွေ့
5 hours ago,
အီရတ် အနောက်ပိုင်း အဲန်ဘာ ဒေသ ဟစ်ထ်ဆိုတဲ့ မြို့မှာ လူတွေ အစုလိုက် အပြုံလိုက် အသတ် ခံရပြီးနောက် မြှုပ်နှံ ထားခဲ့တဲ့ ကျင်းကြီး ၂ကျင်း ကို တွေ့ရပါတယ်။ အစွန်းရောက် အဖွဲ့ IS တွေကို ဆန့်ကျင် တဲ့ ဆွန်နီ တိုက်ခိုက်ရေး သမားတွေကို IS တွေက အနီးကပ် သေနတ်နဲ့ ပစ်သတ်ပြီး မြှုပ်နှံ ထားခဲ့တာ လို့ ယူဆ ရပါတယ်။ တချို့ သတင်းတွေ အရ ရုပ်အလောင်း ၄၆ လောင်း တွေ့ရတယ် လို့ ဆိုပေမယ့်၊ အလောင်း ၂၂၀ လောက်ထိ များတယ် လို့ြေ...
စစ်သွေးကြွ လက်ချက်နဲ့ အီရတ်မှာ သေဆုံးသူ ၈၀၀ လောက်ရှိ
5 hours ago,
IS အစ္စလာမ်မစ် စစ်သွေးကြွတွေဟာ အခုသီတင်းပတ်အတွင်းမှာ သူတို့ကို ခုခံတဲ့ လူပေါင်း ၂၀၀ ကျော်ကို သတ်ဖြတ် ပစ်ခဲ့တယ်လို့ အီရတ် အာဏာပိုင်တွေ က ပြောဆိုပါတယ်။  တချိန်တည်းမှာပဲ အမေရိကန် လူ့အခွင့်အရေး အဖွဲ့ တခုကလည်း ဂျီဟတ် ဘာသာရေး အစွန်းရောက်တွေဟာ အကျဉ်းသား ၆၀၀ ကို အစုလိုက် အပြုံလိုက် ပစ်သတ်ခဲ့တယ်လို့ ပြောဆိုပါတယ်။ IS စစ်သွေးကြွတွေ ဘဂ္ဂဒက်မြို့ အနောက်ပိုင်းကို မသိမ်းပိုက်နိုင်အောင် ခုခံခဲ့ကြတဲ့ ဆူနီ...
ဂျေရုဆလင်မှာ တင်းမာမှု ဖြစ်နေ
5 hours ago,
ဂျေရုဆလင်မြို့က ​ဂျူးဘာသာရေး ​ဆရာတစ်ဦးကို ​ပစ်ခတ်ခဲ့တယ်လို့ ​ယူဆရတဲ့ ​ပါလစ္စတိုင်းသား ​တစ်ဦးကို ​အစ္စရေးက ​ပြန်လည် ​ပစ်သတ်လိုက်တဲ့ အတွက် ​အခြေအနေ ​တင်းမာမှုတွေ ​အထွဋ်အထိပ် ​ရောက်ရှိနေပါတယ်။ ဂျူးဘာသာရေး ခေါင်းဆောင် ​တစ်ဦးဟာ ​အစ္စလာမ်သာမက ​ဂျူးတွေကပါ ​အထွဋ်အမြတ်ထားတဲ့ ​ဘာသာရေး ​မြေပြင်မှာ ​ဂျူးတွေ ​သွားရောက်ဖူးမျှော်ခွင့် ရှိတယ်ဆိုပြီး ​အမြဲတစေ ​လှုပ်ရှား ​ပြောဆို လာသူဖြစ်ပြီး ​မကြာသေးခင်တုန်းက ​...
NATO မဟာမိတ်တွေ စိန်ခေါ်မှု မျိုးစုံ ကြုံနေရ
5 hours ago,
မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့ NATO ရဲ့ အကြီးအကဲအသစ် ဖြစ်တဲ့ Jens Stoltenberg က ဥရောပ နဲ့ Atlantic ရပ်ဝန်းဒေသ မဟာမိတ် နိုင်ငံတွေဟာ ဘက်ပေါင်းစုံက စိန်ခေါ်မှု အများအပြားနဲ့ ရင်ဆိုင် နေရတယ် လို့ ပြောကြား လိုက်ပါတယ်။ ယူကရိန်းနဲ့ ပါတ်သက်တဲ့ ရုရှားရဲ့ လုပ်ဆောင်မှုတွေအပြင် အရှေ့အလယ်ပိုင်းဒေသ ကနေ  ISIS နိုင်ငံရပ်ခြား တိုက်ခိုက်ရေးသမားတွေ ဥရောပထဲကို ပြန်ဝင်လာနေ တာတွေဟာ မဟာမိတ် နိုင်ငံတွေရဲ့ လုံခြုံရေးကို...
မြန်မာနိုင်ငံသား ဒါရိုက်တာ ရိုက်ကူးသည့် ရုပ်ရှင်ကား ထိုင်ဝမ်တွင် အရောင်းစံချိန်တင်
5 hours ago,
ထိုင်ဝမ်ဦးစီးကျင်းပတဲ့ ၅၁ ကြိမ်မြောက် Golden Horse Awards ရုပ်ရှင်အကယ်ဒမီဆုမှာ ဒါရိုက်တာ Midi Z ရဲ့ “Ice Poison” ရုပ်ရှင်ကားဟာ အကောင်းဆုံး ဒါရိုက်တာ ဆုအဖြစ် ဇကာတင် ရွေးချယ်ခံ ထားရ ပါတယ်။ အသက် ၃၁ နှစ် ရှိပြီဖြစ်တဲ့ Midi Z ဟာ မြန်မာပြည်ဖွား လားရှိုးသားဖြစ်ပြီး ၁၆ နှစ် အရွယ်တည်းက ထိုင်ဝမ်မှာ ကျောင်းသွား တက်ခဲ့ တယ်လို့ သိရပါတယ်။ အကောင်းဆုံး ဒါရိုက်တာအဖြစ် ဇကာတင်ရွေး ချယ်ခံထားရတဲ့ Ice Poison...
နိုင်ငံအကျိုး၊ အမျိုးသား အကျိုး စီးပွား ထိခိုက် နိုင်သည့် အတွက် ရွေးကောက်ပွဲ စနစ် မပြင်သင့် ကြောင်း NLD အမတ်များ ဆွေးနွေး
5 hours ago,
ရန်ကုန်၊ အောက်တိုဘာ ၂၈ နိုင်ငံအတွင်း ယုံကြည်မှု တည်ဆောက်နေသည့် ကာလဖြစ်သလို ဒီမိုကရေစီ ကူးပြောင်းရေးအတွက် ကြိုးစားနေသည့် အချိန်အတွင်း အချို့သော လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် မိမိနှင့်မိမိပါတီ နေရာရရေး ရည်ရွယ်ချက်ဖြင့် အချိုးကျကိုယ်စားပြု PR စနစ် တင်သွင်းမှုများ ရှိနေပြီး ယင်းမှာ ပြည်သူ နားမလည်သည့် စနစ်တစ်ခုဖြစ်ပြီး အမျိုးသား အကျိုးစီးပွားကို များစွာ ထိခိုက်နိုင်ကြောင်း အောက်တိုဘာလ ၂၈ ရက်နေ့ကြ...
ရှေးဟောင်း အမွေ အနှစ်များ ပျက်စီး မည်ဆိုပါက မြောက်ဦး မြို့တော် ခန်းမ တည်ဆောက်ခြင်းကို ကန့်ကွက်မည်
5 hours ago,
ရခိုင်ပြည်နယ်၏ ခရိုင်မြို့ (၅) ခုထဲတွင် တစ်ခု အပါအ၀င် ဖြစ်သော မြောက်ဦးတွင် တည်ဆောက်မည့် မြို့တော် ခန်းမကြောင့် ရှေးဟောင်း ယဉ်ကျေးမူ အမွေအနှစ်များပျက်စီးမည်ဆိုပါက ကန့်ကွက်သွားမည်ဟု ရခိုင်လူမှု ကွန်ရက်(မြောက်ဦး)က ကြေညာချက် ထုတ်ပြန်သည်။ ယင်းကြေညာချက်အား အောက်တိုဘာလ ၂၉ ရက်နေ့က ထုတ်ပြန်ခြင်း ဖြစ်ပြီး မြောက်ဦးမြို့၏ ရှေးဟောင်းအမွေအနှစ် များကို တစ်စုံတရာ ထိခိုက် ပျက်စီးစေမည်ဆိုပါ မြို့ခံများနှင့်အတူ...
မြေယာမူဝါဒ မူကြမ်း TNI အဖွဲ့ ဝေဖန်
5 hours ago,
မြန်မာနိုင်ငံမှာ ဒီလအတွင်း အစိုးရက ချပြလိုက်တဲ့ မြေယာအသုံးချမှု မူဝါဒမူကြမ်းဟာ နိုင်ငံတွင်းနဲ့ နိုင်ငံခြားက ကုမ္ပဏီကြီးတွေ အတွက်သာ အကျိုးရှိမှာဖြစ်ပြီး၊ ပြည်တွင်းက သန်းနဲ့ချီတဲ့ ဆင်းရဲသား တောင်သူ လယ်သမားတွေ အတွက် မြေယာ ဆုံးရှူံးမှုတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ကြောင်း ပညာရှင်အဖွဲ့ တစ်ဖွဲ့က ပြောပါတယ်။ နယ်သာလန်နိုင်ငံအခြေစိုက် TNI ခေါ် နိုင်ငံတကာရေးရာအဖွဲ့က မနေ့က သတိပေးပြောဆို လိုက်တာပါ။...
သမ္မတ၊ ကာချုပ်၊ လွှတ်တော်ဥက္ကဋ္ဌများနှင့် ပါတီခေါင်းဆောင်အချို့တွေ့ဆုံပွဲတွင် ငြိမ်းချမ်းရေး၊ အပစ်အခတ် ရပ်စဲရေးနှင့် ဒီမိုကရေစီရေးတို့ကို အဓိကထား ဆွေးနွေးမည်ဟုဆို
5 hours ago,
ရန်ကုန်၊ အောက်တိုဘာ ၂၉ ငြိမ်းချမ်းရေး၊ အပစ်အခတ် ရပ်စဲရေးနှင့် ဒီမိုကရေစီရေးတို့ကို အဓိကထား ဆွေးနွေးသွားမည် ဖြစ်ကြောင်း လာမည့် အောက်တိုဘာ ၃၁ ရက်နေ့၌ ပြုလုပ်မည့် သမ္မတ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ လွှတ်တော် ဥက္ကဋ္ဌ များနှင့် နိုင်ငံရေး ပါတီခေါင်းဆောင်များ တွေ့ဆုံပွဲတွင် ပါဝင်မည့် နိုင်ငံရေး ပါတီ ခေါင်းဆောင် အချို့က အောက် တိုဘာလ ၂၉ ရက် ညနေပိုင်းတွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။...
မြန်မာသမ္မတ နဲ့ ဒေါ်စုကို သမ္မတ အိုဘားမား ဆက်သွယ် စကားပြော
5 hours ago,
အမေရိကန်သမ္မတ ဘရက်အိုဘားမားဟာ ကြာသာပတေးနေ့က မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ အတိုက်အခံ ခေါင်းဆောင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့ကို တဦးချင်းထံကို သီးခြားစီခွဲပြီး တယ်လီဖုန်းနဲ့ ဆက်သွယ် စကားပြောဆို ခဲ့တယ်လို့ ၀ါရှင်တန် သမ္မတ အိမ်ဖြူတော် ကပြောဆိုပါတယ်။ သမ္မတဦးသိန်းစိန်က ဒီကနေ့ သောကြာနေ့မှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင် အပါဝင် စစ်တပ် ကိုယ်စားလှယ်တွေ...
သမ္မတအိုဘားမား မြန်မာခရီးစဉ် ဆွေးနွေး
5 hours ago,
သမ္မတ အိုဘားမားဟာ မကြာခင်လာရောက်မယ့် သူ့ရဲ့ မြန်မာ ခရီးစဉ်အတွက် သမ္မတ ဦးသိန်းစိန်နဲ့ရော ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ ဖုန်းပေါ်ကနေ သီးခြားစီ ဆွေးနွေး ခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန်နဲ့ ဆွေးနွေးတဲ့ အထဲမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အကြောင်း၊ ရခိုင်ပြည်နယ်တွင်းက တင်းမာမှုတွေ ဖြေရှင်းနိုင်ဖို့အရေးနဲ့ လူသားချင်းစာနာမှု အခြေအနေတွေ အကြောင်း ပါဝင်တယ်လို့ အိမ်ဖြူတော်က သတင်းထုတ်ပြန်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ေ...
လွှတ်တော်အရပ်ရပ် ၁၀ ရက်ကြာ ရပ်နားပြီ
5 hours ago,
ကျင်းပနေတဲ့ လွှတ်တော်  အရပ်ရပ်ကို အောက်တိုဘာ ၃၁ ရက်ကစပြီး ၁၀ ရက်ကြာ ရပ်နားလိုက်ပါတယ်။ လက်ရှိပြည်သူ့ လွှတ်တော်မှာ ပီအာ လို့ခေါ်တဲ့ အချိုးကျ ကိုယ်စားပြုစနစ်နဲ့ ပတ်သက်လို့ ဆွေးနွေးလက်စ ဖြစ်နေပြီး ကိုယ်စား လှယ်စုစုပေါင်း ၄၀ ကျော်က ၀ိုင်းဆွေးနွေနေကြတာ ဖြစ်ပါတယ်။ ဆွေးနွေးခဲ့ပြီးသမျှ အန်အယ်ဒီပါတီ ကိုယ်စားလှယ်တွေက ကန့်ကွက် ဆွေးနွေးနေကြပြီး အာဏာရ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်တွေက ထောက်ခံ ဆွေးနွေးေ...
Burkina Faso ဆန္ဒပြသူတွေ လွှတ်တော်ကို မီးရှို့
5 hours ago,
အနောက်အာဖရိကမှာ ​ရှိတဲ့ ​Burkina ​Faso ​နိုင်ငံမှာ ​သမ္မတကို ​မကျေမနပ်ဖြစ်ရာက ​ဆန္ဒပြသူတွေက ​လွှတ်တော်အဆောက်အဦးနဲ့ ​နိုင်ငံပိုင် ​ရုပ်မြင်သံကြား ​ရုံးချုပ်ကိုလည်း ​မီးရှိုးဖျက်ဆီးခဲ့ပါတယ်။ Burkina ​Faso ​နိုင်ငံကို ​၂၇ ​နှစ်ကြာ ​အုပ်ချုပ်လာတဲ့ ​သမ္မတက ​သူ့ရဲ့ ​သမ္မတ ​သက်တမ်း ​ထပ်မံ ​တိုးဖို့ ​ကြိုးစားနေတာကို ​မကျေနပ်တဲ့အတွက် ​ဆန္ဒပြသမား ​ရာနဲ့ချီက ​လွှတ်တော်ထဲဝင်ပြီး ​အကြမ်းဖက်ခဲ့ ကြတာပါ။ သမ္မတ ​...
လူသတ်မှု စွပ်စွဲခံရသူ မြန်မာ ၂ ယောက်ကို ထိုင်းရှေ့နေတွေ အမှုလိုက်မယ်
10 hours ago,
ထိုင်းနိုင်ငံ တောင်ပိုင်း ကော်တောင်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ယောက် အသတ်ခံရမှုမှာ စွပ်စွဲ ခံထားရတဲ့ မြန်မာ အလုပ်သမား နှစ်ယောက် အတွက် ထိုင်းရှေ့နေများ ကောင်စီက ရှေ့နေတွေက အခမဲ့ လိုက်ပါ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ ဒီအမှုကို လိုက်ပေးဖို့ ထိုင်းရှေ့နေများ ကောင်စီက အယောက် ၂၀ ပါတဲ့ ကော်မတီ တစ်ရပ်ဖွဲ့စည်း ထားပြီး အဲဒီ ကော်မတီမှာ ဥက္ကဌနဲ့ အကြံပေး ပုဂ္ဂိုလ်က ၈ ယောက်၊ ရှေ့နေ ၁၂ ယောက် ပါဝင်ပြီး ခရီးစရိတ်ကအစ...
မြန်မာလူငယ်နှစ်ဦးကို သံရုံးကိုယ်စားလှယ်အဖွဲ့ ထပ်မံသွားရောက်တွေ့ဆုံမည်
10 hours ago,
ထိုင်းနိုင်ငံ ခိုတောင်းကျွန်း ခေါ် လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသားစုံတွဲ အသတ်ခံရမှုနဲ့ စွပ်စွဲ ဖမ်းဆီး ခံထားရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို မြန်မာသံရုံး ဒုတိယစစ်သံမှူး ဦးဆောင်တဲ့ အထူး ကိုယ်စားလှယ် အဖွဲ့က မနက်ဖြန် ကော့စမွီ အကျဉ်းထောင်မှာ တတိယ အကြိမ်မြောက် သွားရောက် တွေ့ဆုံမယ်လို့ သိရပါတယ်။ မြန်မာသံရုံး ဒုတိယစစ်သံမှူး ဗိုလ်မှူးသန်းထွန်းအောင်၊ ရှေ့နေ ဦးအောင်မျိုးသန့်၊ MAT...
ချိန်ခါမဟုတ် မိုးကြီးနိုင်ကြောင်း ဒေါက်တာထွန်းလွင် သတိပေး
10 hours ago,
အိန္ဒိယနိုင်ငံကို အခုရက်ပိုင်း ၀င်ရောက်ဖွယ်ရှိတဲ့ ဆိုက်ကလုန်း မုန်တိုင်းကြောင့် အချိန်အခါမဟုတ် မိုးရွာသွန်း နိုင်တဲ့ အတွက် စပါးရိတ်သိမ်းနေကြတဲ့ လယ်သမားတွေ သတိထားကြဖို့ မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က သတိပေးထားပါတယ်။ မိုးကြီးနိုင်လို့ လက်ရှိစပါးရိတ်သိမ်းချိန်ရာသီချိန်မှာ လယ်သမားတွေအနေနဲ့ အထူးသတိထားကြဖို့ ဦးထွန်းလွင်က အခုလိုပြောပါတယ်။ "လယ်သမားတွေကတော့ သတိထားရမှာပဲ၊ မွန်၊ ကရင်၊ တနင်္သာရီကတော့ေ...
မြန်မာ့ရုပ်သေးပွဲ ကမ္ဘာ့အလယ်တွင် ပေါ်လွင်ထင်ရှားတင့်တယ်
10 hours ago,
ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ကျင်းပမည့် ကမ္ဘာ့ရုပ်သေးပွဲတော်တွင် ထိုင်းနိုင်ငံ ယဉ်ကျေးမှု ဝန်ကြီးဌာန လက်ထောက် ညွှန်ကြားရေးမှူး Sirinchaya Guntiya ၏ ဖိတ်ကြားမှုဖြင့် မြန်မာ ကိုယ်စားပြု ထွေးဦး(မြန်မာ) ရုပ်သေးအဖွဲ့ သွားရောက်ကပြ မည်ဖြစ်သည်။ နိုင်ငံပေါင်း ၆၆ နိုင်ငံမှ ၁၁၄ အဖွဲ့ တက်ရောက် ကြမည်ဖြစ်ပြီး အာရှနိုင်ငံ ရှစ်နိုင်ငံမှ ၁၁ ဖွဲ့ပါဝင်မည် ဖြစ်သည်။ ပွဲတော်ကျင်းပရခြင်းမှာ နိုင်ငံအသီးသီးရှိ...